Friday, August 31, 2012

0 Bertil Lintner မကြာမီမြန်မာပြည်ကိုလာမည်

မြန်မာပြည်နိုင်ငံရေးနှင်.ပတ်သတ်သော စာအုပ်စာတမ်းအများအပြားကိုရေးသားခဲ.သော နာမည်ကျော်သတင်းစာဆရာ Bertil Lintner သည်မကြာမီမြန်မာပြည်ကိုလာမည်ဖြစ်ကြောင်းသိရသည်။

ယနေ.မြန်မာအစိုးရမှထုတ်ပြန်သော နာမည်ပျက်စာရင်းမှဖယ်ရှားခံရသူများစာရင်းတွင်၎င်း၏ နာမည်ကိုတွေ.ရှိပြီးနောက်ယခုကဲ.သို.ပြောကြားခြင်းဖြစ်သည်။

"ခုလိုသိရတာ သိပ်ကိုဝမ်းသာပါတယ်၊ မြန်မာပြည်ကို အမြန်ဆုံးလာရောက်ဖို.ကြိုးစားသွားမှာပါ" ဟု အာရှလေဘာတီ သတင်းဂျာနယ် အားပြောကြားခဲ.သည်။

သူသည် မြန်မာအစိုးရသစ်တက်လာပြီးနောက်အကြိမ်ကြိမ်မြန်မာပြည်ဝင်ခွင်.လျှောက်ထားခဲ.သော်လည်း
ပြည်ဝင်ခွင်.ငြင်းပယ်ခံရသူတဦးဖြစ်သည်။

မြန်မာအစိုးရက နာမည်ပျက်စာရင်းတွင်ရှိသော လူဦးရေ ၆၀၀၀ ကျော်မှ ၂၀၈၂ ယောက်အားပယ်ဖျက်ခဲ.ခြင်းဖြစ်ပြီး ယနေ.ထုတ်ပြန်သောစာရင်းမှာ ၁၁၄၇ ယောက်ဖြစ်သည်။

ထိုစာရင်းထဲမှထင်ရှားသူအချို.မှာအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်းMadelineAlbright၊ ဒေါ်အောင်ဆန်းစုကြည်၏ သား ၂ ဦးဖြစ်သူ Alexander Aris နှင်. KimAris၊ မြန်မာအတိုက်အခံများထဲမှမိုးသီးဇွန်၊အဆိုတော်ဒေါ်မာမာအေး၊ စွယ်စုံရအနုပညာရှင် ဦးဝင်းဖေ၊ မောင်အောင် (၀န်ကြီးချုပ်ဦးနု၏သား)၊ ပြည်ပြေးဝန်ကြီးဟောင်းဦးသွင်၏ သမီးဖြစ်သူ မော်ရင်းအောင်သွင် (George Soros ၏ Open Society Institute တွင်မြန်မာပြည်ဆိုင်ရာ အကြီးအကဲတာဝန် ယူထား သူ ) ၊ ဒေါက်တာ ခင်ဥမ္မာ၊ နှင်. ဒေါက် တာကြည်မေကောင်း တို.လည်းပါဝင်သည်။

ယခုကြေငြာသည်.စာရင်းထဲပါသူအချို.မှာ ဦးသိန်းစိန်းအစိုးရသစ်တက် လာပြီးမြန်မာပြည်အား လာရောက်လည်ပတ်ခဲ.သူများဆိုသည်ကိုလည်းတွေ.ရသည်။

ဥပမာဝန်ကြီးချုပ်ဟောင်းဦးကျော်ငြိမ်း၏သားဖြစ်သူဘိုဘိုကျော်ငြိမ်း၊ ကုလအတွင်းရေးမှုးချုပ်ဟောင်းဦးသန်.၏ သမီးဖြစ်သူ ဒေါ်အေးအေးသန်.အစရှိသူတို.ဖြစ်ကြသည်။

(သတင်း-အာရှလေဘာပါတီ)

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.