Sunday, August 26, 2012

2 လူရွှင်တော်အရိုင်းကိုကန့်ကွက်ခြင်း


တင်ထားတဲ့စာမှုန်နေလို့ မူရင်း ဖတ်ရန် အရိုင်း၏ စကားများ ( အခုအချိန်မှာ ပါတီတွေများစွာပေါ်ထွက်လာပါတယ် အဖွဲ့အစည်းအသီးသီးပေါ်ထွက်လာတဲ့အခါ အချို့က သွယ်ဝိုက်သောအားဖြင့် တိုင်းပြည်ကို အပျက်အဆီး လုပ်ချင်တာ နေရာတိုင်းမှာ တွေ့နေရပါတယ် ။ ဒါတွေဟာ တိုင်းပြည်အတွက် အဆိပ်အတောက်ဖြစ်မယ်ထင်လို့ - - - တောင်သူလယ်သမားများ အရေးနဲ့ပတ်သက်၍ နိုင်ငံရေးအမြတ်ထုတ်မှု တချို့ကို တွေ့နေရသည့်အတွက် နားမယောင်ဘဲ - - -

ဦးအရိုင်းခင်ဗျား ၀င်းချိုသာ ဆန္ဒမပြရင် ကုမ္မဏီက တောင်သူ တွေကို အခုလို လူလိုသူလို ခေါ်လျော်ပါ့မလား ခင်ဗျား ။ ဆန္ဒပြသူတွေကို ညစ်ထားပြီး ကျန်သူတွေကို ရွေးလျော်တာကိုးဗျ ။ ခက်တာက ဆန္ဒပြသူတွေမရှိရင် အခုလူတွေကို မလျော်ဘူးဆိုတဲ့ အတွင်းစိတ်ကလေးကိုမြင်အောင်ကြည့်ပါဗျာ ။

နေမျိုးဝေ

2 comments:

  1. အရိုင်းရဲ့ အကို ဗိုလ်မှူးမောင်မောင်ဦး ပဲခူးတိုင်း ကုန်သွယ်လယ်ယာမှာ တိုင်းဦးစီးမှူး လုပ်သွားဘူးတယ်။အဲဒီတုန်းက သူလဲစားတာပါဘဲဗျာ။ပဲတီစိမ်း မတ်ပဲကို ကန့်သတ်ကုန်သတ်မှတ်တဲ့နှစ်တုန်းကပါ။

    ReplyDelete
  2. မတရားအနိုင်ကျင့်ခံနေရတဲ့ပြည်သူတွေဘက်ကရပ်ပြီးကူညီဆောင်ရွက်ပေးသူများကိုနိုင်ငံရေးအမြတ်ထုတ်တယ်၊အမြတ်ထွက်တယ်(တကယ်ဖြစ်ခဲ့ရင်)ဆိုရင်ရှိပါစေ၊ကျေနပ်တယ်၊ပြည်သူတွေ(လူမွဲ၊လူဆင်းရဲ)ရဲ့ဘ၀ကိုနင်းပြီး၊ဖျက်ဆီးပြီးအမြတ်ထုတ်နေသူတွေကိုဆန့်ကျင်ရမှာအမှန်တရားပါ၊ခေတ်စနစ်ရဲ့လိုအပ်ချက်ပါ၊ခေတ်စနစ်ရဲ့လိုအပ်ချက်နဲ့ချို့ယွင်းချက်ကိုပြုပြင်ဆောင်ရွက်နိုင်မှသာမှန်ကန်တဲ့နိုင်ငံရေးပါ၊

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.