Sunday, August 26, 2012

0 တရုတ်ပြည်၏ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် မူဝါဒအပေါ် Human Rights Watch အဖွဲ့မေးခွန်းထုတ်

တရုတ် ပြည်ဘက်ခြမ်းရှိ ကချင်စစ်ပြေးဒုက္ခသည် စခန်းတခုဖြစ်သော ယန်လုစခန်းရှိဒုက္ခသည်များအား KIO, နယ်မြေထဲသို့ ပြန်ပို့ မည့်ကားအားစောင့်ဆိုင်းနေစဉ်။တရုတ်အာဏာပိုင်များရဲ အရာရှိအရာငယ် (ရဲ)အယောက်(၁၀၀)ခန့် စောင့်ကြပ်နေPhoto- Lachid Kachin
(UPI သတင်းဌာနမှ 24 August 2012 ရက်စွဲပါ “HRW questions Bejing's policy on Myanmar” ကိုဘာသာပြန်ဆိုသည်)

တရုတ်နိုင်ငံသည် ဒုက္ခသည်များကို မြန်မာနိုင်ငံသို့ အတင်းပြန်လည်ပို့လွှတ်နေခြင်းဖြင့် နိုင်ငံတကာက စောင့်ထိန်းရမည့် ကျင့်ဝတ်များကို ချိုး ဖောက် လျက်ရှိကြောင်း Human Rights Watch(HRW) က သြဂုတ်လ ၂၃ ရက်နေ့တွင် ဝေဖန်ပြောကြားသည်။

HRW ကသတင်းထုတ်ပြန်ရာတွင် ဘေဂျင်းအစိုးရသည် ကချင်တိုင်းရင်းသားဒုက္ခသည် ၁၀၀၀ ကို မြန်မာနိုင်ငံသို့ အတင်းအဓမ္မပြန်ပို့ခဲ့ရာ ၎င်းတို့မှာ

အန္တရာယ်များကြုံတွေ့ရလာနိုင်ကြောင်း ဆိုသည်။ HRW မှဒုက္ခသည်ဆိုင်ရာ ဒါရိုက်တာ Bill Frelick ကပြောကြားရာတွင် ယူနန်ပြည်နယ်တွင် ဒုက္ခသည် များအား ယာယီအမိုးအကာများ လုပ်ဆောင်ပေးရန် တရုတ်ပြည်ကို တောင်းဆိုထားကြောင်း ပြောကြားသည်။

"တရုတ်သည် မြန်မာစစ်တပ်မှ ကျူးလွန်မှုများ လုပ်ဆောင်လျက်ရှိသော လက်ရှိပဋိပက္ခ နယ်မြေအတွင်းသို့ ကချင်ဒုက္ခသည်များကို ပြန်လည် မောင်းထုတ်နေခြင်းဖြင့် နိုင်ငံတကာက လိုက်နာရမည့် ဥပဒေများကို မလေးမစားပြုလုပ်လျက်ရှိသည်" ဟု ၎င်းက နယူးယောက်တွင် ထုတ်ပြန်သော ကြေညာချက်၌ ထည့်သွင်းရေးသားသည်။

ပြီးခဲ့သည့် ဇွန်လက ထုတ်ဝေသော အစီရင်ခံစာတွင် HRW ကပြောကြားရာတွင် မြန်မာနိုင်ငံ၌ ၂၀၁၁ ခုနှစ် ဇွန်လကစပြီး ဒုက္ခသည် တစ်သောင်းခန့် ထွက်ပြေးခဲ့ကြရကြောင်း ပြောဆိုသည်။

ဧပြီလအတွင်း ဖြစ်ပွားသော ကချင်ပြည်နယ်မှ တိုက်ပွဲများကြောင့် လူပေါင်း ၃၁ ဦးသေဆုံးခဲ့ရသည်။

Yangon chronicle

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.