Tuesday, August 28, 2012

1 ဦးကျော်ဆန်း ပြန်ကြားရေးဝန်ကြီးကနေ သမ၀န်ကြီးဖြစ်သွားတာ သင့်တော်တဲ့ နေရာကို ရောက်သွားတာ

ဦးကျော်ဆန်း ပြန်ကြားရေးဝန်ကြီးကနေ သမ၀န်ကြီးဖြစ်သွားတာ သင့်တော်တဲ့ နေရာကို ရောက်သွားတာ... ဦးအောင်ကြည် ပြန်ကြားရေးဝန်ကြီးဖြစ်လာတာသတင်းသမားတွေနဲ့ဆက်ဆံတဲ့ နေရာမှာ ပြေပြေပြစ်ပြစ် ဖြစ်မယ်လို့ မျှော်လင့်တယ်လို့ မြန်မာနိုင်ငံ သတင်းစာဆရာ အသင်း ဥက္ကဌနဲ့ ၀ါရင့် သတင်းစာဆရာကြီး မောင်ဝံသက ဘီဘီစီနဲ့ ဆက်သွယ် မေးမြန်းခန်းမှာ သုံးသပ်ထားပါတယ်။

နိုင်ငံတော်သမ္မတရုံးမှ(၂၇-၈၂၀၁၂)ရက်စွဲဖြင့်အမိန့်အမှတ်(၂၂/၂၀၁၂) ပြည်ထောင်စု ၀န်ကြီးများ ပြောင်းလဲတာ ၀န်ပေးအပ်ခြင်းကို ထုတ်ပြန်လိုက်ပါသည်။

ယင်းအမိန့်မှည အောက်ပါအတိုင်း ဖြစ်ပါသည်-
၁။ ဦးစိုးသိန်း သမ္မတရုံး
၂။ ဦးအောင်မင်း သမ္မတရုံး
၃။ ဦးလှထွန်း သမ္မတရုံး
၎။ ဦးတင်နိုင်သိန်း သမ္မတရုံး
၅။ ဦးအောင်ကြည် ပြန်ကြားရေး
၆။ ဦးကျော်ဆန်း သမ၀ါယမ ၇။
ဦးအုန်းမြင့် မွေး/ရေ
၈။ ဦးအေးမြင့် စက်မှု
၉။ ဦးတင့်ဆန်း အားကစား
ယင်းသတင်း အပြည့်အစုံကို အောက်ဖော်ပြပါ နိုင်ငံတော်သမ္မတရုံး ၀က်ဆိုက်တွင် ထုတ်ပြန်ကြေငြာထားပါတယ်..

1 comment:

  1.ေ၇ကြီးနေတယ်။ဆီဈေးဆန်ဈေးတက်နေတယ်။သားငါးတွေရှားလားတယ်။ကားတွေပိုကြပ်လာတယ်။လူထုမိသားစုတွေနေ့စဉ်ခက်ခဲမူတွေရင်ဆိုင်နေရတယ်။အရင်ကထက်ပိုဆိုးလာတဲ့ပြောင်းလဲမူတွေလက်တွေ့မှာခံစားနေရတယ်။.........အမြန်ပြုပြင်ဆောင်ရွက်ပေးကြပါတော့လား။

    ReplyDelete

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.