Friday, August 31, 2012

0 ၈၈မျိုးဆက်ကျောင်းသားများရဲ့ စေတနာဝသန် ရန်ပုံငွေ ဂီတပွဲကို SKY NET ရုပ်သံလိုင်းကနေ တိုက်ရိုက်ထုတ်လွှင့်ခွင့်ပြု

၈၈မျိုးဆက်ကျောင်းသားများအဖွဲ့က စက်တင်ဘာ ၁ ရက်နေ့မှာ ပြုလုပ်မယ့် ၎င်းတို့ရဲ့ စေတနာဝသန် ရန်ပုံငွေ ဂီတပွဲကို SKY NET ရုပ်သံလိုင်းကနေ တိုက်ရိုက်ထုတ်လွှင့်ခွင့်ပြုပေးပါရန် ပြည်ထောင်စုဝန်ကြီး ဦးအောင်ကြည်ထံ စာရေးသားတင်ပြခဲ့ ပါတယ်။ ပြန်ကြားရေးဝန်ကြီးဌာနကခွင့်ပြုပါက သက်ဆိုင်ရာရုပ်သံလိုင်းက တိုက်ရိုက်ထုတ်လွှင့်ပေး ရန်သဘောတူထားပါကြောင်းလည်းဖော်ပြထားပါတယ်။

အဲဒီတင်ပြချက်အပေါ် အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကိုရှေ့ရှုပြီး ပြည်ထောင်စုဝန်ကြီးက တိုက်ရိုက်ထုတ်လွှင့်ခွင့် ခွင့်ပြုပေးလိုက်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနအရာရှိတဦးဖြစ်တဲ့ ဦးရဲထွဋ် Facebookမှာ ဖော်ပြထားပါတယ်..

Ye htut

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.