Wednesday, August 29, 2012

0 ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာ/လုံ)က လက်ခံမှသာ မြန်မာပြည်မှ နိုင်ငံရေးသမားများ ပြည်ပသို့  ထွက်ခွာခွင့်ရကြဟန် တူ

“မင်းကိုနိုင် ပတ်စ်ပို့  ကျပြီ၊ ဒါပေမယ့် သွားမထုတ်ဘူး၊ အတူတူလျှောက်တဲ့နိုင်/ကျဉ်းဟောင်း ၈၈ တွေကို တစ်မျိုး၊ သူ့ ကျတော့ တစ်မျိုး၊ ဒါ့ကြောင့်ပါ..”၈၈ ရုံးချုပ်က မိတ်ဆွေတစ်ယောက်ရဲ့ အပြောကို ကြားရတော့ သာဓုခေါ်မိရဲ့ ။
အမေရိကန် သွားဖို့  ရက်နီးတဲ့အထိ ကျန်တဲ့သူတွေကို ပတ်စ်ပို့  ချမပေးရင်ဆုပေးပွဲခရီးစဉ် ဖျက်ပစ်မှာလား ဆိုတာတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဘာဘဲဖြစ်ဖြစ် သူ့  ရဲဘော်စိတ်ကိုတော့ ကြိုဆိုရမှာပါ။

နိုင်ငံကူးလက်မှတ်နဲ့ အတိုက်အခံနိုင်ငံရေးသမားဟာတစ်ကွေ့ ကွေ့ မှာဖြင့်ဆုံလေ့ရှိတတ်ပါတယ်။ဟိုလူ့ ကို ပြောလိုက်၊ ပတ်စ်ပို့ ကိစ္စ သူပိုင်တယ်၊ သမ္မတဆီ ပေါက်တယ် ဆိုတဲ့အသံတချို့  နိုင်/ကျဉ်းတွေကြားမှာ တီးတိုးထွက်နေတာ ကြာပါပြီ။ သူ့ ကျတော့ ရ၊ငါ မရ ဖြစ်တဲ့အခါ ပတ်စ်ပို့ ဌာနရဲ့  ခေါင်ချုပ် ပြည်ထောင်စု ပြည်ထဲရေးဝန်ကြီးကို
ဝိုင်းဝန်းဝေဖန်ကြတယ်။ ၀န်ကြီးကိုယ်တိုင် ဘယ်သူ့ ကို ကွက်ပြီး ချပေးလိုက်တယ်ဆိုတာ သူ့ ခမျာ လုပ်ပိုင်ခွင့် တိတိကျကျ ရှိပုံမရဘဲ သမ္မတထံက ရောက်လာတဲ့ညွှန်ကြားချက်ကို နားထောင်ပြီးလုပ်ကိုင်နေရတဲ့ပုံမျိုး တွေ့ ရပါတယ်။

သမ္မတက မီးစိမ်းပြသည့်တိုင် ၀န်ကြီးရဲ့  ဌာနတွင်းပို့ တဲ့စာဟာ ချက်ချင်း ထွက်မဘဲအချိန်ဆိုင်းနေတတ်ပါတယ်။ ပတ်စ်ပို့  ချပေးဖို့ ကိစ္စကိုကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ(ကာ/လုံ)ကလက်ခံမှသာမြန်မာပြည်မှ နိုင်ငံရေးသမားများ ပြည်ပသို့ ထွက်ခွာခွင့်ရကြဟန် တူပါတယ်။ ကာ/လုံ အဖွဲ့ ရဲ့  အစည်းအဝေးခေါ်တာတွေ၊တွေ့ ဆုံညှိုနှိုင်းတာတွေကို ဦးသိန်းစိန်အစိုးရကာလမှာ ကြားရ မြင်ရတာ မရှိပါ။

ကာ/လုံ အဖွဲ့ ဝင်တွေ စုံစုံညီညီနဲ့  ဘယ်နှခါ ဘယ်နှကြိမ် ဘယ်အရေး ဘယ်အရာဘယ်ဆုံးဖြတ်ချက်တွေကို ဘယ်သူတွေရဲ့ စတင်အဆိုတွေနဲ့ ဘယ်အဖွဲ့ ဝင်များကဘယ်လိုဘယ်ပုံတုန့် ပြန်ဆွေးနွေးပြီးဘယ်အရေးတကြီးဆုံးဖြတ် ချက်တွေကိုအောင်မြင်စွာ ချမှတ်ဖော်ဆောင်ခဲ့သလဲဆိုတာ ဘယ်သူ့ ဘယ်သူမှ မသိကြရပါ။

နိုင်ငံကူးလက်မှတ်ထုတ်ပေးခြင်းလိုကိစ္စမျိုးမှာတောင်ကာ/လုံအဖွဲ့ စွက်ဖက်မှုခံနေရပုံပေါက်ရင်ကျန်တဲ့ နိုင်ငံရေးဖြစ်စဉ်အသီးသီးဟာ ဒီအဖွဲ့ ရဲ့  လိုက်လျောခွင့်ပြုမှု ရပါမှ လှုပ်ရှားဆောင်ရွက်နိုင်မယ်ဆိုတာ နားလည်ထားရပါလိမ့်မယ်။

တကယ်တော့အဖေဆိုတာတစ်ချိန်တုန်းကသားပါဘဲဆိုသလိုကာ/လုံဆိုတာတစ်ချိန်တုန်းကစစ်အာဏာရှင်စနစ်ကို မြေ၀ယ်မကျ ဦးရွက်သယ်ပိုးခဲ့လေတဲ့စစ်အနွယ်ဝင် ထိပ်တန်း သွေးသောက်ခေါင်းဆောင်တစ်စုနဲ့  ဖွဲ့ စည်းထားတဲ့
ဦးသန်းရွှေ (ဗိုလ်ချုပ်မှူးကြီးဟောင်း)စိတ်ကြိုက် အစုအဖွဲ့ မဟုတ်ပါလား။
Aung myo tun

0 comments:

Post a Comment

လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်

 

Copyright © 2009 ဒေါင်းမာန်ဟုန်. All rights reserved.