ဒီနေ့တော့ မနက်ပိုင်း ဥပဒေကြမ်းကော်မတီနဲ့ပူးပေါင်းပြီး MIC Law ရေးဆွဲဖို့ အစည်းအဝေးလုပ်ရပါတယ်။
UMFCCI က ဥက္ကဌ ဦးဝင်းအောင် ဦးဆောင်ပြီး စီးပွားရေး လုပ်ငန်းရှင် အချို့လည်း လွှတ်တော်သို့လာရောက်
ဆွေးနွေးကြပါတယ်။
မြန်မာနိုင်ငံသားများရင်းနှီးမြှပ်နှံမှုဥပဒေဟာ ကျမတို့နိုင်ငံတွင်းမှာရှိတဲ့ စီးပွားရေးလုပ်ငန်းရှင်များအတွက် ဥပ
ဒေကြမ်းရေးဆွဲရတာပါ။ အိမ်နီးချင်းနိုင်ငံများမှာတော့ (FDI Law နှင့် MIC Law)ဟာသီးသန့် မရှိပဲ တစ်ခုထဲ
ပေါင်းစည်းထားတဲ့ ဥပဒေ ရှိတာပါ။
ကျမတို့ နိုင်ငံမှာတော့ ဒီဥပဒေတွေဟာ ၁၉၉၄ ခုနှစ်မှ စ၍ ပြဌာန်းထားသော်လည်း တကယ်တန်းတော့ မြန်မာ
နိုင်ငံ သားစီးပွားရေးလုပ်ငန်းရှင်တွေကို မကာကွယ်နိုင်ပါဘူး။ ယခင်အစိုးရ လက်ထက်မှာ ဒီဥပဒေနဲ့ နိုင်ငံသား
စီးပွားရေးလုပ်ငန်း တွေလုပ်ပေမဲ့ ယခင်အစိုးရက ဥပဒေကို အချိန်မရွေး ချိုးဖောက်ပါတယ်။

ဒါကြောင့် ဒီနေ့ ဒီအချိန်ခါမှာတော့ ဒီဥပဒေတွေကို ခိုင်ခိုင်မာမာ ဖြစ်အောင်ရေးဆွဲရာမှာ ပါဝင်ပြီးတော့ ကျမတို့
နိုင်ငံ ရဲ့ စီးပွားရေးလုပ်ငန်းတွေကို ကာကွယ်ရမှာပါ အစိုးရဘက် က ဥပဒေတွေကို သူကြိုက်တဲ့အချိန်မှာ ထင်သ
လို မချိုးဖောက်နိုင်အောင်လည်း ကျမတို့စောင့်ကြည့်ရပါမယ်။

Daw Sandar Min Facebook
0 comments:
Post a Comment
လာရောက်လည်ပတ်ကြသော မိတ်ဆွေတို့ရဲ့အမြင်များလည်း ရေးနိုင်ပါတယ်